အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 17 January 2013

City FM ပွဲမှာ ဆုတွေအများကြီး သိမ်းပိုက်သွားတဲ့ ဝိုင်းစုခိုင်သိန်း ...

အလွမ်းမင်းသားလေး | 05:57 | Best Blogger Tips



ဒီနှစ် City FM ဆုပေးပွဲမှာ ဆုတွေအများကြီး သိမ်းပိုက်သွားသူက ဝိုင်းစုခိုင်သိန်းပါ။ စတီရီယို အမျိုးသမီးဆုနှင့် သီချင်းတောင်းဆိုမှုအများဆုံး အမျိုးသမီးအဆိုရှင်ဆုကို ဝိုင်းစုခိုင်သိန်းကရရှိခဲ့ပါတယ်။ ဆုတွေအများကြီးရရှိသွားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ခံစားချက်ကတော့ “ပျော်ပါတယ်။ မျက်လှည့် စီးရီးနဲ့ဆုရတဲ့အတွက် တအားဝမ်းသာပါ တယ်။ ဒါပရိသတ်ရဲ့ကျေးဇူးကြောင့် ရတာပါ။ ဝိုင်းစုဘက်ကလည်း ကြိုးစားတယ်။ ကြိုးစားတဲ့အရာလေးကို ပရိသတ်က အသိအမှတ်ပြုလို့သာ ဝိုင်းစုဒီလိုမျိုး ဆုတွေရ တာပါ။ အဲဒီအတွက်လည်း ပရိသတ်ကို တအားကျေးဇူးတင်ပါတယ်” လို့  ဆုရတဲ့အတွက်ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ပထမဆုံးအခွေ ‘မက်လောက်စရာ’ နဲ့လည်း City FM ကပေးတဲ့ဆု ရရှိသလို၊ အခု ဒုတိယစီးရီးဖြစ်တဲ့ ‘မျက်လှည့်’နဲ့လည်း ဆုထပ်မံရရှိခဲ့ပြန်ပါတယ်။ စီးရီးထွက်တိုင်း ဆုချိတ်တဲ့ အတွက် နောက်ပိုင်းအခွေတွေက တာဝန်ပိုကြီးသွားလားလို့မေးတော့ ဝိုင်းစုခိုင်သိန်းက “တာဝန်ကတော့ ကြီးပါတယ်။



 ဝိုင်းစုအတွက် ဘယ်အလုပ်ပဲဖြစ်ဖြစ် တာဝန်ကအမြဲတမ်း ရှိပြီးသားလေ။ပထမအခွေတုန်းကလည်း စစချင်းလုပ်တဲ့ အခွေဖြစ်တော့ တာဝန်ကြီးတာပဲ။ ဒုတိယအခွေကျတော့လည်း ပထမအခွေ ရဲ့အရှိန်ကြောင့် တာဝန်ကြီးတာပဲ။အခုတဖြည်းဖြည်း ပိုပြီးတာဝန်ကြီး လာတာပေါ့။ ဝိုင်းစု သီချင်းနဲ့ပတ်သက်ပြီး
အကောင်းဆုံးလုပ်သွားမှာပါ။ ဆုရသည် ဖြစ်စေ၊မရသည်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထားပြီးသား၊ ဆုံးဖြတ်ထားပြီးသားပါ။ နောက်အခွေတွေလည်း အကောင်းဆုံး ဖြစ်အောင်လုပ်မှာပါ”လို့ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းကCity FM ဆုရတဲ့အတွက် ဇန်နဝါရီ ၉ ရက်နေ့က သူငယ်ချင်းတွေကို ဧည့်ခံ ကျွေးမွေးခဲ့ ကြောင်းပြောပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့တတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘အာဘွား’အခွေ ကတော့ အားလုံးပြီးသလောက် ဖြစ်နေပေမယ့် အမျိုးသားအဆိုရှင် ၁၄ဦးနဲ့ စုံတွဲအခွေကို အရင်ဆုံးထွက် နိုင် အောင် ကြိုးစားနေကြောင်း ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းက လတ်တလောမှာ ဒါရိုက်တာအဏ်ထော်ဏီရိုက်ကူးတဲ့ ‘ချစ်ခွင့်ရှိသူ’ ဇာတ်ကားကို ကောင်းပြည့်နဲ့အတူ ချောင်းသာမှာ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား မှာဝတဲ့ကောင်မလေး အဖြစ်သရုပ်ဆောင်ထားပြီး ဝအောင်လို့ဖော့အထူတွေနဲ့ အင်္ကျီအထူတွေ ဝတ်ရကြောင်း ပြောပါတယ်။






ဦးဇော်(သိသမျှ)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ