အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 11 March 2013

ဒုက္ခတွေ ပြောမနေပါနဲ့တော့ ...

အလွမ်းမင်းသားလေး | 05:11 | Best Blogger Tips




အရက်ဆိုင်တစ်ဆိုင်တွင် လူတစ်ယောက်သည် မြန်မာစည်ဘီယာများ အား တစ်ခွက်ပီး တခွက်မှာသောက်၏။ ၄ ခွက်မြောက် သောက်ပီးသော်.... ပြန်ရန်တံခါးဝ သို့ထ သွားလေလေသည်။
ထိုအခါ ဆိုင်ရှင် မှ ကျသင့်ငွေ ၂၄၀၀ ကျပ် (မြန်မာစည်ဘီယာ ၄ ခွက် ) ဖိုးတောင်းလေသည်။
ထိုလူမှ ..... " ဘာဗျ။ ကျနော်ပေးပြီးပြီလေ။ ခင်ဗျားမမှတ်မိဖူးလား....."...ဟု ဆိုလေတော့၏။
ဆိုင်ရှင်ဖြစ်သူလည်း .." ဟုတ်လား။အေးလေ ခင်ဗျားက ပေးပီးပြီဆိုတော့လည်း ပေးပြီးပြီ ပေါ့ဗျာ."...ဟု ပြန်ပြောလိုက်သည်။



ထိုလူလည်း ဆိုင်မှထွက်လာပီး လမ်းတွင် မိတ်ဆွေ တယောက်နဲ့တွေ့ရာ အရက်ဆိုင်ပိုင်ရှင်သည် သူ့အား ပိုက်ဆံ ပေး မပေး ကို မမှတ်မိသူဖြစ်ကြောင်းပြောပြလေ၏။


သို့နှင့် ထိုလူ၏ မိတ်ဆွေလည်း ထိုအရက်ဆိုင်သို့ ၀င်သွားပီး ဘီယာများ မှာသောက်ကာ ပထမ လူကဲ့ သို့ ငွေပေးပီပြီ..ဟုပြောလေ၏။

ထိုအခါ ဆိုင်ရှင်မှလည်း...."...အေးဗျာ ပေးပြီးပြီ ဆိုတော့ လဲ ရပါတယ်" ...ဟု ..........ဆိုလေသည်။

ထို့နောက် ထိုလူသည် ဆိုင်ထဲမှ ထွက်လာပီး အသိတစ်ယောက်နဲ့ လမ်းတွင် ထပ်တွေ့ ရာ ထိုအရက်ဆိုင်အကြောင်းကို ပြောပြပြန်လေ၏။


ထိုအကြောင်းသိပီးနောက် ထိုလူ၏ အသိမိတ်ဆွေလည်း ဆိုင်ထဲ ၀င်ပီး ဘီယာမှာသောက်လေသည်။

လေးခွက်မြောက် ဘီယာ အား သောက်နေချိန်တွင်.......
ဆိုင်ရှင်သည် အနားသို့ရောက်လာပီး.......ထိုသို့ စကားပြောလေ၏။
" ဒီမှာဗျာ မိတ်ဆွေ။.ခင်ဗျားကရိုးသားပုံရလို့ပြောရအုန်းမယ်ဗျ..ကျုပ် ဒုတ်က္ခက....ကျုပ်ဆိုင်ကို ဒီနေ့ ဘီယာလာသောက်တဲ့ လူနှစ်ယောက်ပေါ့ဗျာ..
ဘီယာလဲ အ၀သောက်သေးတယ်.....နောက်ပီး....ပိုက်ဆံတောင်းတော့လည်း ပေးပြီးပြီ လို့ ပြောတယ်ဗျ၊ ခု ဒီလို ဒါမျိုးလာလုပ်တဲ့ လူ တွေ့ ရင်တော့ ရေရေ လည်လည် တီးလွှတ်လိုက်မယ်လို့ တွေးထားတယ်ဗျ......သိလား...."

ထိုအခါ ဘီယာသောက်နေသူ မှပြန်ပြောလိုက်တာက....


" အေးဗျ။ ခင်ဗျား ဒုက္ခ တွေ အသာထားလိုက်စမ်းပါဗျာ။
ခု ကျနော့်ကို ခင်ဗျား ပိုက်ဆံပြန် မအမ်းရသေးဖူးဗျ။ လုပ်ပါဦး........"..တဲ့
တိန်

ရီမောပျော်ရွှင်ပါစေ...

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ