အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 14 March 2013

Mobile Screen Capture ဖုန်းစခရင် လေးကို ဓါတ်ပုံရိုက်မယ်

အလွမ်းမင်းသားလေး | 08:41 | Best Blogger Tips


ကဲဗျာ ငါးမရတော့ ရေချိုးပြန်သလိုပါဘဲ။ ကျုပ်လည်း ဟိုတစ်နေ့က Root လုပ်ပေးဖို့ရာ အကြောင်းဖန်လာ
တော့ Root လုပ်ပေးဖို့ လိုက်ရှာပြီး လုပ်ပေးလိုက်ပါတယ်။ တစ်ရက်လုံးသာ ကုန်သွားတယ် Root လုပ်လို့
မရပါဘူး..။ ဒါပေမယ့် ငါးမရပေမယ့် Mobil Screen Capture ဖမ်းတဲ့ နည်းလေးတော့ ရလိုက်ပါတယ်။ ဒါကြောင့် ရတဲ့နည်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကျုပ်လည်း ဒီနည်းလေးကို လိုက်ရှာပေမယ့် မတွေ့
သေးပါဘူး။ ဒါကြောင့် ဒါလေးရေးလိုက်တာပါ။ ဒီ QQPhoneManager ဆော့ဝဲလေးနဲ့ ရိုက်တဲ့နည်းနဲ့ 91assistant_for_android_v1.7.21.296 ဒီကောင်လေးနဲ့ ရိုက်တဲ့နည်း နှစ်မျိုးတင်ပေးပါ့မယ်။ ဖုန်းတွေ Root လုပ်လို့လဲ ရပါတယ်။ ဖုန်း Version အလိုက်သူ့ဟာလေးနဲ့သူ အမျိုးအစားပေါင်းများစွာကို ကလစ်တစ်ချက်နှိပ်
ရုံနဲ့လည်း Root လုပ်နိုင်တဲ့ဆော့ဝဲပါ။ ကျုပ်ရှေ့ကပြောခဲ့တာက ဒီဆော့ဝဲနဲ့ မကိုက်တဲ့ ဖုန်းဖြစ်နေလို့တာ မရ
တာပါ။ ကဲဗျာ လိုရင်းမရောက်သေးဘူး.. Capture ဖမ်းနည်းလေး စလိုက်ကြစို့...



   အရင်ဆုံး ဒေါင်းပြီး ကွန်ပျူတာထဲ Install လိုက်ပါ။ ပြီးရင်တော့ QQPhoneManager ဆိုတဲ့ဆော့ဝဲလေးကို ဖွင့်လိုက်ပါ။ ဖုန်းကို USB နဲ့ ကွန်ပျူတာမှာ ချိတ်ပါ။ ချိတ်လိုက်ရင် ဖုန်းအထဲကို ဆော့ဝဲတစ်ခုထည့်ပေးရမယ်
မထည့်ထားသေးရင်ပေါ့ဗျာ။ အဲဒါက ဒီ QQPhoneManager ထဲမှာပါတဲ့ M ဆိုတဲ့ဆော့ဝဲလေးကို ဖုန်းထဲမှာ
ပေါ်လာအောင် Search ပုံလေးနဲ့ ကောင်ကို ကလစ်လိုက်ရင် Install ထည့်သွင်းနေမှာပါ ပြီးအောင်စောင့်ပေါ့
ပြီးရင်တော့ ရပါပြီ။ စာနဲ့ရေးသားရတာ ရှင်းမှာ မဟုတ်လို့ ပုံနဲ့ဘဲ ပြတော့မယ်ဗျာ။ ဒါမှဒီလိုလုပ်ရတယ်ဆိုတာ
တန်းသိမှာမို့ပါ ဒီတိုင်းပြောနေရင် စာကြောင်းရှည်ပြီး စာဖတ်နေရတာနဲ့ အချိန်ကုန်သွားမယ်..




ဒီအောက်ကပုံကတော့ Software တစ်မျိုးနော်..ဆက်ကြည့်ပါဦး...





ကဲဗျာ အားလုံးဘဲ အဆင်ပြေကြပါစေ..အောက်မှာ ဆော့ဝဲဒေါင်းပါ။

ကဲဒါကတော့ 91 Software ပါနော်...



No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ