အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 13 March 2013

**လွဲမှားတဲ့ Valentines day ***

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips




အဏ္ဏ၀ါရဲ့ တေးသွားတွေကို ထားခဲ့ရင်း
အိပ်မက်ကောင်းကင်လည်း ရီဝေနေခဲ့ပြီ
အရိုင်းဆန်တဲ့ ကဗျာကလည်း
လူသားတွေရဲ့ ရင်ကိုထိုးချင်းမဖောက်နိုင်တော့ဘူး….

ဘ၀တစ်ခုလုံး လောင်မြိုက်နေပြီချစ်သူ….
ဖေဖော်ဝါရီ (၁၄) တဲ့လေ….
အတိတ်ကို အနက်ရောင်ဆိုးလို့
မိုနာလီဇာ မျက်နှာပေးနဲ့ ခင်းပြလိုက်မယ်
အထီးကျန်ခြင်းတွေ မြေပြင်မှာလင်းထိန်နေလိုက်တာ
အောက်ဆီဂျင်ရှူဖို့ တောင် ခပ်မေ့မေ့။

ငါ မတောင်းဆိုပါဘူး ချစ်သူ…
ရည်စူးတိုင်းမှ ပန်းမပွင့်တာ
ရေစီးကြောင်းအတိုင်း အလိုက်သင့်လေးစီးမျောမယ်
valentine ခြေရာ ငါ့ရင်မှာနန်းမတင်သမျှ
အက်ကွဲတဲ့ရှိုက်သံကို မီးတောက်နဲ့
စီးချင်းထိုးဖို့ တံဆိပ်နှိပ်လိုက်ပြီ။

ညို့ချက်တွေနဲ့ပြုစားပြီးမှ
နန်းကျဘုရင်တစ်ပါးရဲ့ရသကို
ဇာတ်သိမ်းလိုက်စမ်းပါ မျက်နှာဖုံးမရောင်းပါနဲ့
"ပကတိ" ကို လေလံတင်ချင်တာ။

ချစ်ချင်းသက်သေ တဲ့လား...
သေဆုံးခြင်းကို အရောင်တင်တာ
ငါကလည်းအရိပ်မဲ့ လင်းအမှုန်လေးတောင်
မဖန်ဆင်းနိုင်တာ ရင်ခုန်ခြင်းကို
ဒီညလေးမှာ ၀ိုင်တစ်ခွက်နဲ့ ပဲ
လောင်ကျွမ်းစေခဲ့မယ်....ချစ်သူ။......
 
 
 
(လရိပ်လေး)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ