အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 16 March 2013

*အလွမ်းရတု***

အလွမ်းမင်းသားလေး | 04:32 | Best Blogger Tips



 
***အလွမ်းရတု***

အဆုံးသတ်ခဲ့ပြီ
ဖြူလွှလွှ သမုဒယ
ဟန်ဆောင်မှုတွေနဲ့
အရောင်ဖျက်လို့
ဒဏ္ဍာရီဆန်ဆန် ဒဏ်ခတ်လိုက်တယ်။

ပန်းပျိုးခဲ့တာပါ
ရင်အစုံကိုပူရုံပဲ...၊
ရာသီတွေငိုကြွေး
အခွင့်သာခိုက်လေး
အလွမ်းနဲ့
တံတားထိုးပေးထားလိုက်တယ်။

ရစ်မူးမိတဲ့ တဏှာ
မဖြေသာလည်း
စေရာမဲ့ နှောင်ကြိုး
ဆက်ထုံးကြိုးငြိ
ချစ်မိမိန်းမရိုင်း အရူးတစ်ပိုင်းပေါ့။

ထားခဲ့တဲ့ကတိ ၊မှားမိသည့် သမုဒယ
မာယာလှလှ ချေဖျက်၊ချစ်ခဲ့ရက်တွေ
လေအဝေ့မှာ ကြွေ
ကန္တာလေလို အနေခက်
မမေ့ရက်တာ စက္ကန့်တိုင်း။

ဆုံစည်းခွင့်မလိုပါဘူး
နာကျင်ဖူးတဲ့ဒဏ်ရာ
အဖန်တစ်ရာနာလည်း
သံသရာရှေ့ဆက်
လွမ်းရက်အင်္သချေ
ကျွမ်းမြေ့ကြေကွဲ
တမ်းတဆဲပါ……ချစ်သူ။....
 
 
 
.(လရိပ်လေး)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ