အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 21 January 2013

ရတနာမိုင်နဲ့ တကယ်လို့များ ...

အလွမ်းမင်းသားလေး | 04:05 | Best Blogger Tips



ပြည်သူချစ်တဲ့ အနုပညာရှင် ရတနာမိုင် တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။

Q. တကယ်လို့များ မိုင်လေး ကိုလူသူ မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေ ယူသွားချင်လဲ

A. အဲဒါဆိုရင် လိုတရ အိတ်လေး တစ်လုံး ယူသွားပြီး ကျွန်းပေါ်မှာ ဘုရင်မလုပ်မယ် (ရယ်လျက်)။

Q. တကယ်လို့များ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လို ခံစားမိလဲ။



A. မိုင်လေးက အရမ်းရှက်တတ်တော့ အဲဒီ ဆိုင်ရှေ့ကနေ ဖြတ်ရဲမှာ မဟုတ်ဘူး။

Q. တကယ်လို့များ ကိုယ့်နာမည်နဲ့ လမ်းနာမည် ရှိခဲ့မယ်ဆိုရင်

A. အဲဒါမဖြစ်နိုင်ဘူးထင်တယ်။ ရှိလာခဲ့ရင်လည်း ရတနာမိုင်လမ်း ပေါ့နော်။

Q. တကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်နဲ့ အလုပ်အတူတူ
တွဲလုပ်ရမယ်ဆိုရင်

A. ချက်ချင်းကို ခေါင်းညိတ်ပြီး လက်ခံမိမယ် ထင်တယ်။

Q. တကယ်လို့များ ကိုယ်မုန်းတဲ့သူ တစ်ယောက်နဲ့ ဓာတ်လှေကား တစ်ခုတည်းမှာ အတူ ပိတ်မိနေမယ်ဆိုရင်

A. မုန်းတဲ့သူတော့ မရှိပါဘူး။ ဒါပေမဲ့ မုန်းတဲ့သူကလည်း မိုင်လေးကို ချစ်ခင်လာအောင် စိတ်ထဲကနေ မေတ္တာပို့နေမယ်။

Q. တကယ်လို့များ တစ်ရက်သာ အသက်ရှင်ရတော့မယ်ဆိုရင် ဘာတွေလုပ်ချင်လဲ

A. မိုင်လေးဘ၀မှာ တစ်ခါမှ မလုပ်ဖူးတာတွေရှိတယ်။ အဲဒါတွေကို တစ်ခါလောက် လုပ်ကြည့်ချင်တယ်။ ပြီးရင် မေမေနဲ့ အတူတူ အချိန်တွေကို ကုန်ဆုံးမယ်။

Q. တကယ်လို့များ မိုင်လေးကို နံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီးမှု ရှိလား မေးလာခဲ့ရင်

A. မရှိပါဘူး။ အဲဒီလိုလည်း မသတ်မှတ်ထားဘူး။ ဒါပေမဲ့ နံပါတ်တိုင်း ဂဏန်းတိုင်းက မိုင်လေး အတွက် အဓိပ္ပါယ် ရှိပါတယ်။




ဦးဇော်(သိသမျှ)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ