ငါ့ဘဝက ကဗျာမဆန်သလို
တေးသွားလိုလဲ မချိုမြိန်ဘူး
အကွေ့အကောက်များတဲ့ ပင်လယ်ပြင်မှာ
မာယာတွေ တလှေကြီးနဲ့ ရွက်လွှင့်ခဲ့တယ်
ကြည်လင်နေတဲ့ ကောင်းကင်က
သာယာမှုတွေ အတိပေးပြီး
ကကြိုးရုပ်လို ကခုန်နေဆဲ
ကြမ္မာ မုန်တိုင်း မာန်အပြည့်နဲ့
တိုက်ခတ်စေတော့ ဘယ်ညာတိမ်း
ရေပြင်စုန်လိုက် ကမ်းကမ်လိုက်
ရေကြောင်းပျောက် လှိုင်းပုတ်ခတ်ရာမျော.....။
ငါ့ဘဝက ဘာလဲ ... အခါခါမေးတွေဝေမိတိုင်း
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လို ခွန်အားတွေမဲ့
ဟိုအပင် ဒီအပင် ဘယ်အပင်က လုံခြုံမလဲ
မရေရာပါဘူး ........... နားခိုရန်ခက်
ကြောက်စိတ်ကိုပယ် အားတင်းကာရယ်
ကောင်ကင်ယံမှာ တကိုယ်တော်
အတောင်တွေဖြန့်လို့ ပျံသန်းမည်........။
ငါ့ဘဝကို အဆုံးထိလျှောက်ဖို့
ခရောင်းလည်းဖြတ် ဖယောင်းလည်းနင်း
ဆူးတွေဝိုင်းလည်းဖောက်
ပန်းတွေကျဲလည်းကောက်
လွမ်းရင်ငို ပျော်ရင်ပြုံး
ကမ္ဘာလောက အလိုတော်ကျဖို့
မာန်အပြည့်နဲ့ လျှောက်လှမ်းရင်း လမ်းတဝက်တောင်ကျိုးခဲ့ပြီ....။
ရစ်မမ ( နေပြည်တော် )
No comments:
Post a Comment