အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 25 January 2013

ချစ်သူ...

အလွမ်းမင်းသားလေး | 05:54 | Best Blogger Tips

ငါနင့်ကိုချစ်တဲ့အချစ်က
နင့်ထက်မပိုရင်တောင်
လျော့တော့မလျောပါဘူး
ချစ်တတ်လွန်းတဲ့နင့်ကို
ပိုင်ဆိုင်ရတုန်းက
ငါဘယ်လောက်ပျော်လဲဆိုတာ
နင်သိမှာမဟုတ်ပါဘူး
နင့်အချစ်ရဲ့ချုပ်နှောင်မှုက
ငါ့ဘဝအတွက်တံတိုင်းတစ်ခုပါ
တခြားတစ်ယောက်ဆိုတာကို
မပြောပါနဲ့ချစ်သူ
နင်ကလွဲရင်ဘယ်သူုမှငါမချစ်ပါဘူး
နင်ခွင့်ပြုတိုင်းထွက်သွားရအောင်
နင့်နှလုံးသားကဇရပ်တစ်ခုမှမဟုတ် သလို
ငါကလည်းခရီးသွားမဟုတ်ဘူး
နင့်ရင်ခွင်ကိုအပိုင်ရဖို့
သံယောဇဉ်တွေမျက်ရည်တွေ
အမှတ်တရတွေအများကြီးရင်းထားရတာ
နင်ပြောသလိုပဲ
ငါတို့ချစ်ခဲ့တာအိပ်မက်မှမဟုတ်တ
နင်ချစ်သလိုငါလည်းအသက်နဲ့ရင်းပြီးချစ်တယ်
ချစ်သူ
 
 
ရွှေဆည်သား

1 comment:

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ