အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 25 January 2013

တွေးရယ်စရာ...

အလွမ်းမင်းသားလေး | 06:31 | Best Blogger Tips
“ဆွေးနွေးအကြံပေးခ”

သူခိုးတစ်ယောက်နှင့်သူ့ မိတ်ဆွေတို့ စကားပြောကျရာ-
သူခိုး -ကံဆိုးလိုက်တာကွာ၊ရှေ့ နေအိမ်ကိုမှသွားခိုးမိတယ်။
မိတ်ဆွေ -မင်းကိုမိရောလား။
သူခိုး -အေးမိသွားတယ်၊ဒါပေမဲ့ ရဲစခန်းမပို့ ဘဲ၊ဒီအလုပ်မျိုးမလုပ်ဖို့ ၊
ဒီနေရာကိုပြန်မလာဖို့  ပြောလိုက်တယ်။
မိတ်ဆွေ -ဒါဆိုတော်သေးတာပေါ့။
သူခိုး -ဘယ်တော်မလဲ၊ငါ့ကိုအခုလို အကြံပေးခအဖြစ်ငွေ ၅၀၀ ပူ
ဇော်ခဲ့ရတယ်။




 ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"




ပျော်ရှာမယ်

လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။
"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"
ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က ၀မ်းသာအားရ ပြောသည်။
"မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင် နောက်အပါတ်ထဲဆို ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "
“အင်”



အလေလိုက်တဲ့လူ

သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင် မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင် တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။
"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"



မေးသင့်တယ်

မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။
"မေမေသတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်"
မိခင်ဖြစ်သူက စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။
"သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ ၀မ်းသာပျော်ရွှင်တဲ့ အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့"
ချာတိတ်လေး ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။
"မေမေ … သတို့သားကရော ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"



ဘယ်လိုဖြေရမလဲ

မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ရေခဲမုန့် အပြန်အလှန် ခွံ့နေကြသော ဓာတ်ပုံတွေကိုကြည့်ပြီး (၅)နှစ်အရွယ် သားငယ်က မကျေမနပ် မေးသည်။
"အဲဒီတုန်းက သားကို ဘာလို့ ရေခဲမုန့် ခေါ်မကျွေးတာလဲ" 



ဖတ်မိတာလေးပြန်မျှဝေပေးတာပါ.....

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ