အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 23 January 2013

"ဖက်ရှင်ကျကျ စတိုင်လှလှ အကယ်ဒမီ အိန္ဒြာကျော်ဇင် နှင့် တွေ့ဆုံခြင်း" ...

အလွမ်းမင်းသားလေး | 04:07 | Best Blogger Tips




အနုပညာ လောက မှာ ဖက်ရှင်နဲ့ ပတ်သက်ရင် အမြဲတမ်း ဂရုစိုက် တတ် သလို၊ ဖက်ရှင်ကျကျ လှပစွာ ဝတ်စား ဆင်ယင်သူက တော့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ပဲဖြစ် ပါတယ်။ အနုပညာလောက ထဲကို မော်ဒယ်လောက ကတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး မော်ဒယ် အတွေ့အကြုံတွေလည်း များစွာ ရှိခဲ့သူ တစ်ဦးပါ။ အခုခေတ်မော် ဒယ် လောက အကြောင်း၊ ဖက်ရှင်နဲ့ ပတ် သက်ပြီးတော့သူ့ရဲ့ အမြင်တွေကို လည်း မေးမြန်း တင်ဆက်လိုက် ပါတယ်။

မေး- မအူဝဲ တို့ခေတ်က မော် ဒယ် လောကနဲ့အခုခေတ် မော်ဒယ်လောက က ဘာတွေ ကွာခြားသွားလဲ။


ဖြေ- အခုခေတ်က ဖက်ရှင် ပြိုင်ပွဲတွေတော့ များသွားတယ်။ အူဝဲတို့ အရင် တုန်းက မော်ဒယ်လုပ်တဲ့ ခေတ်က ဖက်ရှင်ရှိုးတွေ များတယ်။ အူဝဲတို့ဆိုရင် ရှိုး ပွဲတွေ တော်တော် များများလျှောက်ရတယ်။ အဲဒီ နောက်ပိုင်း မှာတော့ မော်ဒယ်ရှိုးတွေ၊ မော်ဒယ်တွေ လုံးဝမရှိ သလောက်အောင် တော်တော် ပြတ်ထွက်သွားတယ်။ ရှိုးပွဲတွေ သိပ်မလုပ် ကြတော့ဘူး။ အခုတစ်ခါပြန်ပြီး ခေတ်စား လာပြန်တယ်။ ပြိုင်ပွဲတွေများ လာတာပေါ့။ ဘယ်ကုမ္ပဏီကလဲ မော်ဒယ် ပြိုင်ပွဲ၊ ဘယ်ကုမ္ပဏီ ကလဲ မော် ဒယ် ပြိုင်ပွဲတွေ လုပ် ကြတယ် ဆိုတော့ အမှန်တော့ အဲဒါကောင်း ပါတယ်။ တကယ့် ရွက်ပုန်းသီးတွေလည်း ထွက်လာတယ်။ တကယ့် အလှပဂေးတွေ လည်း ဒီလို မျိုး က တစ်ဆင့်မြင်ရတာပေါ့။ အဲဒါမျိုးလုပ်တာ အားပေးပါတယ်။



မေး-မအူဝဲရဲ့ဖက်ရှင်တွေကို ပရိသတ် တွေက တအား သဘောကျတယ်။ အားပေးကြတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုလေ့လာဖြစ်လဲ။

ဖြေ-ပရိသတ်တွေ သဘော ကျတဲ့အတွက် ကျေးဇူး တင်ပါတယ်။ အူဝဲက ဖက်ရှင် ကို ဝါသနာပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် ငယ်ငယ်ကတည်းက စိတ်ဝင် စားတယ်။ ဒီအလုပ် လုပ်တော့လည်း ပိုပြီးတော့ လေ့လာဖြစ်တယ်။ ဖက်ရှင် နဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင်က စိတ်ဝင်စားတယ်။ ဝါသနာပါတဲ့ အခါ ကျတော့ လေ့လာတယ်။ သဘော အားဖြင့် လူတစ်ယောက်က ဖက်ရှင် ဖြစ်တယ်။ စတိုင် ရှိနေတယ် ဆိုတာက ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ ကိုယ်နဲ့လိုက် ဖက်မယ့် အဝတ်အစားမျိုး၊ ကိုယ်သွား မယ့်နေရာ ၊ကိုယ်သွား တဲ့ ပွဲပေါ်မှာ ရွေးချယ်ပြီး အဝတ်အစား ဝတ်တတ်ဖို့ လည်းလိုတယ်။ ကိုပြေတီဦး ဆိုရင်တောင် အူဝဲကိုဆူတယ်။ အူဝဲက အဝတ် အစားနဲ့ ပတ်သက်ရင် ပွဲအနေအထား အလိုက်ကို အဝတ်အစားတွေက ဝတ် တယ်လေ။ သူက ဖက်ရှင်ကို လုံးဝ စိတ်မဝင်စားဘူး။ အဲဒီလောက်ကြီး မလိုပါဘူး လို့ပြောတယ်။ အူဝဲကတော့ အကျင့်လို ဖြစ်နေတယ်။ ကိုယ်နဲ့ လိုက် ဖက်မယ့် အဝတ်အစား ဝတ်တယ်။ ကိုယ်သွားမယ့် ပွဲနဲ့လိုက်ဖက်မယ့် အဝတ်အစားမျိုးကို ဝတ်တယ်။ အဲဒီ လိုလေးတွေ နဲ့ပဲ အူဝဲဝတ်စားဆင်ယင် တာကို ပရိသတ်ကလည်း ကြိုက်နှစ် သက်ကြတာပါ။

မေး- ဖက်ရှင်က ဘယ်လောက် အရေး ပါပါသလဲ။ လူငယ်တွေကိုတိုး တက် လာတဲ့ခေတ် နဲ့အညီ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လို လေ့လာစေချင် တာမျိုးတွေ ရှိပါ သလဲ။

ဖြေ- အခုနောက်ပိုင်း လူငယ်တွေက ဖက်ရှင်နဲ့ ပတ်သက်ပြီး သိပ်ပြောစရာ မလိုပါဘူး။ အကုန်လုံးက မျက်စိပွင့် နားပွင့် နားလည်နေကြပါပြီ။ သိလည်း သိလာကြပြီ။ ဒါပေမဲ့ မြန်မာ လူမျိုး ဖြစ်နေတဲ့ အတွက်ကြောင့် တအား ပေါ်လော်တာမျိုးကို အားမပေးဘူး။ ခေတ်နဲ့အညီ ဝတ်မယ်။ ဖက်ရှင်ဖြစ် အောင်လည်း ဝတ်တတ်ရမယ်။ ခပ် မိုက်မိုက်လေး ဝတ်တာ နဲ့ ဖော်ပြီဝတ် တာမျိုးနဲ့ ကမတူဘူးလေ။ သိပ်ပြော စရာမလိုပါဘူး။ အခုနောက်ပိုင်း လူငယ်တွေက ဝတ်တတ်ကြပါတယ်။

မေး-သရုပ်ဆောင် တစ်ယောက် အတွက် ဖက်ရှင်က ဘယ်လောက် ရာခိုင်နှုန်း အရေးပါပါသလဲ။

ဖြေ- သရုပ်ဆောင် တစ်ယောက် အတွက် အဓိကကတော့ အိုက်တင် ကတော့ ပိုပြီးတော့ လုပ်တတ် ရမှာပေါ့။ ဒါပေမဲ့ ဖက်ရှင်ရဲ့ ကဏ္ဍကလည်း လုံးဝ မပါဘူးတော့ မဟုတ်ဘူး။ တစ်ထောင့် တစ်နေရာကနေ သူကလည်း ကူညီပံ့ ပိုးပေးတယ်။ မင်းသမီး တစ်ယောက် က ဇာတ်ကားပဲ ရိုက်နေရတာ မဟုတ်ဘူး။ သူသွားရမယ့် ပွဲလမ်း သဘင်တွေ ရှိတယ်။ ဘယ်လိုနေရာမျိုး ပဲဖြစ်ဖြစ် ကိုယ်က Celebrity တစ်ယောက်ဖြစ် နေတဲ့အတွက် ဖက်ရှင်ပိုင်း မှာပါ Perfect ဖြစ်တယ် ဆိုတော့ ပိုကောင်းတာပေါ့။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း
popular journal

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ