အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 26 March 2013

နွံ...

အလွမ်းမင်းသားလေး | 22:44 | Best Blogger Tips

နွံ

                                              

အင်တာနက်ကို သုံးပြီး
ငါ့အချိန်တွေ ကုန်မှန်းမသိ
ကုန်သွားခဲ့တယ်
မတွေ့ မမြင်ဖူးတဲ့ လူတွေနဲ့
လိမ်ညာ နေရတာ
ငါ အရသာ တွေ့လို့
ဒီလောကထဲ ၀င်လိုက်တော့
ကမ္ဘာကြီးဟာ
ကျဉ်းကျဉ်းလေးမှန်း
ငါသိခဲ့ရ

ဒီလိုနဲ့ပဲ...
ငါ့ရဲ့ ကိုယ်ပိုင်အချိန် တွေကို
အင်တာနက် ကြီးက
တိုက်စား ၀ါးမျိုလို့
ဒီနွံထဲက
ငါရုန်း မထွက်နိင်ဘူး
လူ့လောက ကြီးထဲမှာ
ဒီထက် စွဲမက်ဖို့ကောင်းတာ
ဘာတွေရှိဦး မလဲ
ဒီလိုနဲ့ပဲ...
ဆိုးရွား လှတယ်လို့
လူကြီးတွေ ပြောပြော နေကြတဲ့
ဒီ အင်တာနက် ကြီးထဲကို
ငါ ခပ်ပျော်ပျော် ကြီးနဲ့
စီးမျှောနစ်ဝင်
ပစ်လိုက် တော့တယ်လေ။ ။

ထော်ဦး၊ဘားအံကွန်ပျူတာ၊

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ