အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Monday 25 March 2013
Opera Browser ...
အလွမ်းမင်းသားလေး | 05:23 | Best Blogger Tips
တော်တော်လေးသွက်တဲ့ Opera Browser လေးပါ...။ မြန်မာဖောင့်အခတ်အခဲကြောင့် မြန်မာတွေ အသုံးနည်းကြပါတယ်..။ ဒီ Browser လေးက Function တွေလဲ တော်တော် စုံသလို  File Sharing   ပါ လုပ်လို့ရလို့   FireFox ထက်တောင် သာတယ်ပြောရမှာပါ....။ 
Opera Browser  ကို   ဒီမှာ ဒေါင်းယူနိုင်ပါတယ်.....။ဒေါင်းပြီး Run  လိုက်ရင် မြန်မာစာတွေ မမြင် ရသေးပါဘူး မြန်မာစာတွေက လေးထောင့်တုံးတွေသို့မဟုတ် တောင်တစ်လုံး မြောက်တစ်လုံး ဇောက်
ထိုးတွေတွေ့ရမှာပါမြန်မာလို ဖတ်လို့ ရေးလို့ ရအောင်တော့    CSS   ကုတ်ဒ်လေး ထည့်ပေးရမှာပါ...။
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင် ပထမဆုံးNotepad    လေးကို ဖွင့်ပြီး ဒီအောက်က အနီးရောင်နဲ့ရေး ထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။
* , html, body, div, p{font-family:Zawgyi-One !important;}
ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။ပြီးရင် အဲဒီ User.css Notepad  ဖိုင်လေးကို Copy ကူးပြီး   my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။
ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ....။ ပြီးတော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီ..
No comments:
Post a Comment
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ