အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Thursday 28 March 2013
မိုး..ဆိုတဲ့  ကောင်မလေး ...
အလွမ်းမင်းသားလေး | 06:37 | Best Blogger Tips
လျှပ်စီးတွေ တဖျတ်ဖျတ်နဲ့ 
အငြိုးတခု မိုးတိမ်မှာ စုနေတယ်
မဲမှောင်လာတဲ့  ကောင်ကင်ကြီးက
မကြာခင်မှာပဲ မိုးရေစက်လေးတွေအဖြစ်နဲ့ 
ကမ္ဘာမြေပြင်ကို ရွာချလိုက်တယ်
ပြီးတော့လည်း သူမဟုတ်သလိုပဲ
ပကတိအတိုင်း ကြည်လင်နေပြန်တယ်
တိမ်တွေတောင် ရောင်စုံနဲ့  လှပနေရှာတယ်
ရွာချလိုက်တဲ့  မိုးရေစက်တွေကြားထဲ
မိုး ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့်ပေါ့
ငါ့မျက်ဝန်းထဲမှာလည်း
လွမ်းဆွေးခြင်းတွေ နာကျင်ခြင်းတွေ
ခံစားချက်တွေနဲ့  အတူ ဒဏ်ရာဒဏ်ချက်တွေစုပြီး
မျက်ရည်စတွေအဖြစ်နဲ့  ငါ့ပါးပြင်ပေါ် စီးကျကုန်တယ်
ပြီးတော့လည်း ခံစားချက်မဲ့ တဲ့  လူတယောက်လိုပဲ
ပကတိအတိုင်း ကြင်လင်သွားပြန်တယ်
ဒါပေမယ့် ငိုချလိုက်တဲ့  ငါ့မျက်ရည်တွေကြောင့်
ငါ့နှလုံးသားမှာ ဒဏ်ရာတစ်ခု ရသွားခဲ့ တယ်
နောက်ထက်လည်း လျှပ်စီးတွေ မလက်ပါနဲ့ တော့
ငါ့ရင်ကိုလည်း ခံစားချက်တွေ မပေးပါနဲ့ နော်
မိုးရေတွေကြားကတွေ့ မိတဲ့  မိုး ဆိုတဲ့ ကောင်မလေးရေ
          ဖိုးခွားလေး(ကော့မှူးမြို့ )
No comments:
Post a Comment
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ