အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 29 March 2013

Computer မှာ Memory နည်းနေရင် Flash Drive (သို့) SD Card ကနေတိုးနည်း...

အလွမ်းမင်းသားလေး | 08:03 | Best Blogger Tips




Memory နည်းတဲ့ Computer တွေမှာ Applications တွေ အများကြီးကို တပြိုင်နက်ထဲ Run လိုက်ရင် စက် မနိုင်ပဲ Hang သွားခြင်း၊ Restart ကျသွားခြင်းများ ဖြစ်လေ့ ရှိပါတယ်။
ဒီလိုမဖြစ်အောင် Memory ထပ်တိုးဖို့လိုပါတယ်။ Internal Memory တိုးဖို့ ခက်နေရင် အောက်ကအ တိုင်း လုပ်ရင်လည်းရပါတယ်။
၁။ Computer မှာ Flash Drive (သို့) SD Card ကိုတပ်လိုက်ပါ။
   AutoPlay ပေါ်လာပါတယ်။
Speed up my system ကိုရွှေးလိုက်ပါ။
 


၂။ AutoPlay မပေါ်လာရင် My Computer ကိုဖွင့်ပြီး Flash Drive (သို့) SD Card ကို Right Click ထောက်ပြီး Properties ကိုနှိပ်လိုက်ပါ။ အောက်ကအတိုင်း ပေါ်လာပါတယ်။
 
 
 
         
 ၃။ ReadyBoost ကိုနှိပ်လိုက်ပါ။ အောက်ကအတိုင်းတက်လာပါတယ်။


၎။ Use this Device ကိုရွှေးလိုက်ပြီး Apply>>ok ပေးလိုက် ပြီး Applications တွေ အများကြီးကို   တပြိုင်နက်ထဲ Run ကြည့်ပါ။ တိုးထားတဲ့ Memory ပမာဏ ပေါ်မူတည်ပြီး Applications တွေမြန်
လာတာကိုတွေ့ရမှာပါ။ Windows 7 ၊ Windows 8 နှစ်ခုလုံးမှာ သုံးလို့ရပါတယ်။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။
 
 
 
 
သာလွန်အောင်
 
 

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ