အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 26 March 2013

ချစ်တတ်ခဲ့ပြီ...

အလွမ်းမင်းသားလေး | 04:47 | Best Blogger Tips



ပန်းတစ်ပွင့်ရဲ့ ဖန်ဆင်းခြင်းရင်ခွင်ဟာ
အလွမ်းငွေ့ငွေ့လေးနဲ့ စောင့်ကြိုနေတယ်
အချစ်နဲ့ပတ်သက်လာရင်
နေကိုတောင် အနောက်အရပ်က ထွက်ပေါ်စေခဲ့သူ
သူမရဲ့အနိုင်ယူမှုတွေကို သူ မမှု
သူ့ရဲ့ခေါင်းညိတ်လိုက်လျောခြင်းတွေက
သူမအတွက် လိုတရစေ...
သူမရဲ့ဘဝဟာ သူ့ဘဝ
သူ့နှလုံးခုန်သံကို ရပ်
သူမရင်ခုန်သံနဲ့ အသက်ဆက်ရှင်ခဲ့
အနုအရွတွေမပြောတတ်ပေမယ့်
သူ့ချည်ငင်က သူမကိုတစ်မျှင်ခြင်းရစ်ပတ်
အခုတော့..
သူမနှလုံးသားလေးအရည်ပျော်ကျ
ဖော်ပြမရတဲ့ခံစားချက်နဲ့
သူ့ကြောင့်..
သူမ ချစ်တတ်ခဲ့ပြီ...
 
 
 
 အဖြူရောင်နတ်သမီး

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ