ချစ်ခဲ့ပါတယ် ပြောခဲ့စဉ်က
သွေးအေးခဲ့တာ နင် ပါ
ရင်ထဲရှိတာ ဖွင့်ချပြသဖို့  မ၀ံ့ မရဲနဲ့ 
မာနတို့ ကို ဖိကာဖုံး
မသိမသာ နေခဲ့တာလဲ နင် ပါ........
အဝေးကနေ တိတ့်တိတ့်လေး အချစ် ကို မျှော်လင့်
ငါ မသိအောင် နေခဲ့တာ နင် ကျေနပ်ခဲ့တာပဲ
ဘာလို့  အခုမှ နင် ချစ်တာ ငါ ပါလို့  ဖွင့်ပြရတာလဲ
အချစ်ဆိုတာ ဖမ်းဆုပ်မရတဲ့  အရာမို့ 
တားမြစ်နယ်မြေထဲ နင်မလာချင်နဲ့ တော့နော်
ထားခဲ့ခြင်း မဟုတ်တဲ့  လမ်းခွဲလေးမှာ
ဆွေးဆွေးလေးနဲ့  တို့ တွေ ငေးငေး လေးပဲနေတော့ကွယ်
ရင်ထဲ ရှိတဲ့  လက်ကျန်နဲ့  ငါ ရင်ဖွင့်ပြမယ်
နင် ဆို တဲ့ သူကို ငါ ဆိုတဲ့  လူ က
ဒီနေ့ ထက်တိုင် မမေ့သေးဘူးဆိုတာ ယုံ...............
ညအက္ခရာ
No comments:
Post a Comment