အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 8 December 2012

မေ့သွားမှာပါ....

အလွမ်းမင်းသားလေး | 05:48 | Best Blogger Tips



ယုံကြည်ချက်တွေ ကွဲလွှဲနေတဲ့ 
ငါတို့ နှစ်ယောက်အတွက်
ပေါင်းစပ်ဖို့ ဆိုတာ ဘယ်နည်းမှ မဖြစ်နိုင်တော့ပါဘူး
နားလည်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားနေလည်း
အရာအားလုံး ကသဲထဲရေသွန်သလိုဖြစ်ကုန်တာပါပဲ
ရှေ့ ဆက်မရတော့မယ့်အတူတူ
ငါတို့ တွေ အမုန်းမရှိပြုံးပြုံးလေးနဲ့ ပဲလမ်းခွဲလိုက်ကြမယ်.....။

နင်လည်း နင့်လမ်းနင်ဖောက်ပြီးနင့်ခရီး
နင်လျှောက်
ပြီးတော့ နင့်သမိုင်းနင်ရေး
ငါလည်းငါ့လမ်းငါဖောက်ပြီး ငါ့ခရီးငါလျှောက်ပြီး
ငါခရီးငါလျှောက်တော့မယ်
ငါတို့ တွေနှလုံးသားနဲ့ ရင်းပြီး ချစ်ခဲ့ ကြတယ်
ပြီးတော့ဦးနှောက်နဲ့  လက်တွဲဖြုတ်ကြမယ်ပေါ့လေ
တဘဝလုံးစာ စိတ်မညစ်ဖို့ အတွက် တခဏတာတော့
ငါတို့ နှလုံးသားတွေ အပွန်းပဲခံလိုက်ကြမယ်လေ
ကြာတော့လည်း မေ့သွားမှာပါငါမရှိလည်း နင်နေတတ်သွားမှာပါ....။
 
ဖိုးခွားလေး(ကော့မှုး)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ