အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 5 December 2012

Facebook Account အသစ်ပြုလုပ်နည်း...

အလွမ်းမင်းသားလေး | 06:39 | Best Blogger Tips




Facebook ကို (ကျွန်တော်အပါအ၀င်)အင်တာနက်အသုံးပြုသူအားလုံးနီးပါး အသုံးပြုကြပါတယ်။ ထို Facebook ထဲကိုဝင်ရောက်အသုံးပြုနိုင်ဖို့  အတွက်Facebook Account တစ်ခုရှိရမှာဖြစ်ပါတယ်။ Email တစ်ခု ရှိရုံနဲ့  Facebook account တစ်ခုကို လွယ်လွယ်ကူကူဖွင့်လို့ ရပါတယ်။ Account ဖွင့်နည်းကို ကျွန်တော် ပုံနဲ့ တကွ ဖော်ပြပေးထားပါတယ်။ Facebook နဲ့  ပတ်သက်ပြီး နောက်ထပ်သိသင့်သိထိုက်တဲ့ အကြောင်းအရာပို့ စ်တွေကိုလဲ နောက်ထပ်တင်ပေးဦးမှာပါ။ သိပြီးသားမိတ်ဆွေများကတော့ သည်းခံပေးပါခင်ဗျာ။ အောက်မှာကြည့်လိုက်ကြပါဗျာ….


၁။ ပထမဦးဆုံး https://www.facebook.com/ ကို သွားလိုက်ပါ။
ရောက်သွားရင် ညာဘက်အခြမ်းမှာ အောက်ကပုံအတိုင်းမြင်တွေ့ ရမှာပါ။

၂။ Sign Up အောက်မှာ လိုအပ်တာတွေဖြည့်လိုက်ပါ။ First Name/Last Name ၊ အောက်ကနှစ်အကွက်နဲ့ သုံးအကွက်မှာကိုယ့် ရဲ့  Email လိပ်စာကိုထည့်လိုက်ပါ။
ပြီးရင် Password တစ်ခုခုသတ်မှတ်လိုက်ပါ။ နောက်တစ်ခါ Birthday ၊ Male or Female တို့ ကို အားလုံးဖြည့်ပြီးရင် Sign Up ကို Click နှိပ်လိုက်ပါ။

၃။ ဒါဆိုရင်အောက်ကပုံအတိုင်းမြင်တွေ့ ရမှာပါ။ ကိုယ့်ရဲ့  Email ကိုအသုံးပြုပြီး သူငယ်ချင်းတွေရှာမယ်ဆိုရင် နံပါတ် 1 က Find Friends ကိုနှိပ်လိုက်ပါ။
ဒီအဆင့်ကိုကျော်ချင်ရင် အောက်က နံပါတ် 2 Skip this step ကို နှိပ်လိုက်ပါ။ Skip လိုက်ရင် အောက်ကဒုတိယပုံအတိုင်းပေါ်လာပါလိမ့် မယ်။ အဲဒါဘာလဲဆိုတော့ ဒီအဆင့်ကိုကျော်မယ်ဆိုတာသေချာလားတဲ့ ။ ဟုတ်ကဲ့ ။ ကျွန်တော်ကတော. သေချာပါတယ်ခင်ဗျာ..။ ကျွန်တော့ လိုပဲသေချာတယ်ဆိုရင် Skip ကိုနှိပ်လိုက်ပါ။



၎။ Step 2 မှာ High School ၊ College/University တို့  ဖြည့်ချင်ရင်ဖြည့်နိုင်ပါတယ်။ ဖြည့်ပြီးရင် Save & Continue ပေါ့ ။ ဘာမှမဖြည့်ချင်ဘူး ဒီအဆင့်ကိုထပ်ကျော် မယ်ဆိုရင် ထုံးစံအတိုင်း Skip ကိုနှိပ်လိုက်ပါ။

၅။ နောက်ဆုံး Step 3 မှာကတော့  သင့်ရဲ့  Profile picture ကို ထည့်နိုင်ပါတယ်။ မိမိကွန်ပျူတာမှာရှိတဲ့ ပုံကိုထည့်ချင်ရင် Upload a Photo ကို နှိပ်၊ Browse ကနေတစ်ဆင့် မိမိထည့်လိုတဲ့ ပုံကို ဖွင့်ပြီး Upload လုပ်ရမှာပါ။ ဒါမှမဟုတ်ရင်လည်း မိမိအသုံးပြုနေတဲ့ စက်မှာ Webcam ရှိတယ်ဆိုရင် တစ်ခါတည်းရိုက်ပြီး
တင်လို့ လဲရပါတယ်။ ပုံတင်ပြီးရင် Save & Continue ကိုနှိပ်လိုက်ပါ။ ဘာပုံမှမထည့်သေးဘူးဆိုရင် Skip ကိုနှိပ်လိုက်ပါ။

၆။ အောက်ကပုံအတိုင်း ကိုယ်ရဲ့  email ကိုသွားလိုက်ပါ။ ထိုကနေတစ်ဆင့် facebook ကိုဝင်လိုက်ရင် အကောင့်သစ်တစ်ခုလုပ်ဆောင်တာအောင်မြင်ပြီးဆုံးသွားပါပြီး။










အားလုံးပဲအဆင်ပြေပါစေဗျာ…
ကျေးဇူးတင်ပါတယ်။
 

1 comment:

  1. ပြောတာလေးကကောင်းပါတယ် လုပ်မရဘူး အဲဒီလိုလဲမပြဘူး အကြံပေးပါဦး

    ReplyDelete

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ