အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 5 December 2012

မထင် တဲ့  အရိပ့်...

အလွမ်းမင်းသားလေး | 05:21 | Best Blogger Tips


ချစ်ခဲ့ဖူးကြပါတယ်  တချိန်ကပေါ့

အလွမ်းတွေ ဖလှယ်လို့ 

စကားတွေလဲ  ပြောခဲ့ကြတယ်

တယောက်ရင်ထဲ  တယောက်မြင်လို့ 

တမင်တကါ ပဲ  မမြင်ချင်ယောင်ဆောင်

ထင်မလာတဲ့   အချစ်ပုံရိပ့် ကို

တိတ့်တိတ့်လေး   စွန့် ခွာခဲ့ကြတယ်

ဖြစ်မလာတဲ့  နေ့  တွေ  အတွက့်   လွမ်းခြင်းတွေကို မြိုသိပ့်

လူမသိ သူမသိ   ဖုံးဖိထားတဲ့   ဒီ အချစ်

ပြန်မလာတော့မယ့်  အရင်လို အချိန်တွေ

ရင်နာစွာနဲ့  ကျောခိုင်း

စာဖတ်လို့   မရတဲ့  ရင်ဘတ်ကြီးကို

ပြန်ပြီး မေးခွန်းထုတ် အဖြေလွှာညှိလဲ...........မထူးတော့ပြီးမို့ 

သေခြာတဲ့ အဖြေက  မဆုံတဲ့ ဖူးစာ

ဆက်လက်ပြီး  ရူးရမယ်ဆို

နင့်ကို ငါ  ချစ်နေဦးမှာပါ......

ဖြူစင်ခဲ့တဲ့  အချစ်နဲ့   နင်ဟာ  ငါ့  ဘ၀  အတွက့်

အဖြူရောင်  ချစ်သူပါ .............

တခါ တလေ ဖေးမ ခြင်းလေးတွေနဲ့   နင့် အနား  နေပေးပါရစေ

နင် သတိရတဲ့အခါ  ခေါ်လိုက်ပါ  အမြဲတမ်းမဟုတ်ပေမယ့်

ခဏ တာလေး  နှစ့်သိပ့်မှု့ ပေး
နင်  ကျေနပ်ခဲ့ရင်ပေါ့......


ညအက္ခရာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ